ယခုဘောလုံးရာသီတွင် ဆုဖလားလေးလုံးဆွတ်ခူးနိုင်ပါက မန်ယူအသင်းကစားသမားတစ်ဦးချင်းစီ ဆုကြေး စတာလင်ပေါင် ၅၀၀၀၀၀ ရရှိမည်

ယခုဘောလုံးရာသီတွင် ဆုဖလားလေးလုံးဆွတ်ခူးနိုင်ပါက မန်ယူအသင်းကစားသမားတစ်ဦးချင်းစီ ဆုကြေး စတာလင်ပေါင် ၅၀၀၀၀၀ ရရှိမည်

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းကစားသမားများအနေဖြင့်    ယခု ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားလေးလုံးဆွတ်ခူး နိုင်ပါက ကစားသမားအားလုံး အပိုဆုကြေးငွေအဖြစ် စတာလင်ပေါင်  ၅၀၀၀၀၀ စီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ၂၀၁၇ ခုနှစ်က ယူရိုပါ လိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလား ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ရာမှ ဆုဖလား လက်မဲ့ကာလကို ကျော်ဖြတ်ပြီး ယခုဘောလုံးရာသီတွင် နည်းပြ တန်ဟက်လက်အောက်၌ ပုံစံကောင်းပြသနိုင်ခဲ့ကာ  ကာရာဘောင်း ဖလားကိုဆွတ်ခူးနိုင်ခဲ့သည်။  အဆိုပါ ဖလားဆွတ်ခူးနိုင်ခဲ့သည့်အတွက် စာချုပ်ပါအချက် အလက်များအရ မန်ယူအသင်းမှ ရက်ရှ်ဖို့ဒ် နှင့် ကက်စ် မဲရိုးတို့အနေဖြင့် အပိုဆုကြေးအဖြစ် စတာလင်ပေါင် ၆၅၀၀၀ စီ ရရှိခဲ့ကြသည်။

မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ဆုဖလားလေးလုံးလမ်းကြောင်းပေါ်တွင်ရှိနေပြီး ကာရာဘောင်းဖလား ဆွတ်ခူးနိုင်ပြီး နောက် ယူရိုပါ လိဂ်ပြိုင်ပွဲတွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီးဖြစ်ကာ အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း    ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့သည်။

အလားတူ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေး ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းထက် တစ်ပွဲ လျော့ပြီး ၁၁ မှတ်အကွာ၊  အဆင့်(၂) နေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲလျော့ပြီး ခြောက်မှတ် အကွာဖြင့်ရပ်တည်နေကာ ချန်ပီယံဆုအတွက် မျှော်လင့်ခွင့် ရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းကစားသမားများအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ပါက အပိုဆုကြေး အများဆုံးရရှိမည်ဖြစ်ပြီး စတာလင်ပေါင် ၂၅၀၀၀၀ စီရရှိမည်ဖြစ်ကာ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ် ဖလားတို့ကို ထပ်မံဆွတ်ခူးနိုင်ပါက ဆုကြေးငွေ စတာလင်ပေါင်  ၂၅၀၀၀၀  စီ  ထပ်မံရရှိမည်ဖြစ် ကြောင်း သိရသည်။           

Ref;Dailymail