ကျိုင်းတုံမြို့ရှိ ဓာတ်စွမ်သီရိကျောင်းတိုက်၏ တပေါင်းပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ

ကျိုင်းတုံမြို့ရှိ ဓာတ်စွမ်သီရိကျောင်းတိုက်၏  တပေါင်းပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၅

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဓာတ်စွမ်သီရိကျောင်းတိုက်၏ တပေါင်းပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထား သည့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင် စုစုပေါင်း ၁၀၀၀ ပါးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများလောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။