လားရှိုးမြို့၌(၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

လားရှိုးမြို့၌(၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်                                                                                                                                                                                                                                                               

နေပြည်တော်၊ မတ် - ၅

        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏(၁၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေက အနေကဇာတင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ လားရှိုး မြို့ရှိ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အလှူရှင်များနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြ သည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မဟာဗောဓာရုံပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက် တည်ကြသည်။ ထို့နောက် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် များ ရွတ်ဖတ်သရဇ္ဈယ်တော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မုဒ်ဝအသီးသီးရှိ မုဒြာရုပ်ပွားတော်မြတ်များအား ရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် (ကထိကဆရာတော်) ဘဒ္ဒန္တ ပါမောက္ခထံမှ အနုမောဒနာတရားများ နာယူ ကြည်ညိုကြသည်။

        ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်တိုင်းအောင်ဆု တောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်း လှူကြပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါးန်ကြသည်။

        အလားတူ မူဆယ်မြို့ရှိ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် အလှူရှင်များက အဆိုပါမြို့ရှိ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဒုတိယအကြိမ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။