လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာပြုလုပ်

လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာပြုလုပ်

နေပြည်တော်၊ မတ် - ၅

        ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် တည်ထားကိုး ကွယ်တော်မူသည့် ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော် (၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်၊ ဒုတိယမြိုင်ကြီးငူ ဆရာတော် မဟာမင်္ဂလာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် မိသားစု၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့တွင် တင်လှူပူဇော်မည့် ရွှေထီးတော်များကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် ၃ ကြိမ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သာလင်းအေး စေတီတော် မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အားတစ်ချိန်တည်း တစ်ပြိုင်တည်း ထီးတော် တင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။