လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်း အမျိုးသား နေ့ပွဲတော်ပြုလုပ်

လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်း အမျိုးသား နေ့ပွဲတော်ပြုလုပ်

နေပြည်တော်၊ မတ် - ၅

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်း တော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ကြသည့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုအမှာ စကားပြောကြားပြီး  ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်လှသိန်းက ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့သမိုင်းကြောင်းများနှင့် ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံတို့ကိုရှင်းလင်းပြေားကြာသည်။ ယင်းနောက် တိုင်းမှူးက ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား အလှူငွေများပေးအပ်ရာ  ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်မောင်လှက လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ထူးချွန်စွာ အောင်မြင့်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။ ယင်းနောက် ပအိုဝ်း တိုင်းရင်းသားများက ယဉ်ကျေးမှုရိုးရာအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြ ကြောင်း သတင်းရရှိသည်။