ရိုးမားအသင်းတိုက်စစ်ကစားသမားဒိုင်ဘာလာ ၎င်း၏လုပ်ခလစာကြွေးကျန်များရရှိရေးအတွက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို တရားစွဲဆိုမည်

ရိုးမားအသင်းတိုက်စစ်ကစားသမားဒိုင်ဘာလာ ၎င်း၏လုပ်ခလစာကြွေးကျန်များရရှိရေးအတွက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို တရားစွဲဆိုမည်

ရိုးမားအသင်းတိုက်စစ်ကစားသမား  ဒိုင်ဘာလာသည် ဧပြီလအတွင်း ၎င်း၏လုပ်ခလစာကြွေးကျန်များ ရရှိရေးအတွက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို  ဥပဒေအရ  တရားစွဲဆိုမည်ဖြစ်ကြောင်း  သိရသည်။

အသက် ၂၉ နှစ်အရွယ် ဒိုင်ဘာလာသည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလမတိုင်မီက ဂျူဗင်တပ်စ် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို ရန်သဘောတူညီမှုရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဂျူဗင်တပ်စ် အသင်းက   ဖျက်သိမ်းခဲ့သည့်အတွက် နွေရာသီကစားသမား   အပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ် အသင်းမှ  ရိုးမားအသင်းသို့   အလွတ်ပြောင်းရွှေ့ကြေးဖြင့်    ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

ဒိုင်ဘာလာသည် ဂျူဗင်တပ်စ်အသင်းတွင် ကစားစဉ်က ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၎င်းကို လုပ်ခလစာ အပြည့်အဝပေးချေခြင်းမရှိဘဲ  ယူရို သုံးသန်းကျော်ပေးချေရန် ကျန်ရှိနေပြီး လက်ရှိတွင် ၎င်းင်း၏လုပ်ခလစာ များကို  ဧပြီလအတွင်းပေးချေရန်  ဂျူဗင်တပ်စ်အသင်းထံ  အကြောင်းကြားထားပြီး  ပေးချေခြင်းမရှိပါက ဥပဒေအရ  တရားစွဲဆိုမည်ဟု  သတိပေးထားခြင်းဖြစ်သည်။

ဒိုင်ဘာလာ၏ ရှေ့နေအဖြစ်ဆောင်ရွက်နေသည့် ဖာရာရီက ဂျူဗင်တပ်စ်အသင်းထံမှ ဒိုင်ဘာလာရရှိမည့် လုပ်ခလစာများအပြင် နစ်နာကြေးများလည်းရရှိရန် ကျန်ရှိနေသည့်အတွက် တရားဝင်တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။          

Ref;Dello Sports