ရွှေစာရံဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်(၆)နှစ်အရွယ် ကလေးငယ် အပါအဝင် ဘုရားဖူး ပြည်သူ ၃ ဦး သေဆုံး

ရွှေစာရံဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့်  ဘုရားဖူးယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၊  ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်(၆)နှစ်အရွယ် ကလေးငယ် အပါအဝင်  ဘုရားဖူး ပြည်သူ  ၃ ဦး သေဆုံး

နေပြည်တော်၊ မတ် - ၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူး သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား မတ် ၇ ရက်တွင် PDF အမည်ခံအကြမ်း ဖက်သမားများက လက်လုပ်အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်သည့်အတွက် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ  မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၅) ရပ်ကွက်မှ  ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ဘုရားဖူးပြည်သူ  ၉ ဦးတို့သည်  ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားသို့  Toyota Passo အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားဖူးသွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည် ထွက်ခွာစဉ် မတ် ၇ ရက်  ည ၉ နာရီ ၄၅ မိနစ်ခန့်တွင်  မြင်းခြံမြို့နယ်၊ နွားထိုးကြီး- မြင်းခြံသွားကားလမ်း၊ ညောင်ပင်သာကျေးရွာ၏ အရှေ့ဘက်မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက  လမ်း၏ ယာဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်လုပ်အဝေးထိန်းမိုင်း ၁ လုံးဖြင့် ဖောက်ခွဲပြီး  လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်ငြိမ်းသန္တာသင်း၊ ဦးသန်းထိုက်မျိုးနှင့် အသက်(၆)နှစ်အရွယ်ရှိ မောင်ရွှေဘုန်းသစ် တို့သည် မိုင်းစထိမှန် ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး  ဦးရှိုင်းယုလတ်နှင့် ဒေါ်ရီမွန်ကို တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ထိခိုက် ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

        NUG ၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များ အနေဖြင့် နိုင်ငံအနှံအပြားရှိ ဘုရား ကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများ စည်ကား သိုက်မြိုက် စွာဖြင့် အေးချမ်း ပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူနေခြင်း တို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယခုဖြစ်စဉ်သည်လည်း ၎င်းတို့၏ ခိုင်းစေချက်အရ PDF အမည်ခံအကြမ်းဖက်သမားအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင် သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူ၍ပြန်လာစဉ် အကြမ်း ဖက်လုပ်ရပ် လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter-terrorism Action ) ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အများပြည်သူ များအနေဖြင့် အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။