လောက်ကိုင်မြို့နယ်နှင့် မလှိုင်မြို့နယ်တို့ရှိကျေးရွာများမှ သံဃာတော်များ၊ သက်ကြီး ဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လောက်ကိုင်မြို့နယ်နှင့် မလှိုင်မြို့နယ်တို့ရှိကျေးရွာများမှ သံဃာတော်များ၊ သက်ကြီး ဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၈

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ မန်ကျူးကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၃၂၈ ဦးတို့ကို အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မှရိုးကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၃၅ ဦးတို့ကို အဆိုပါမြို့နယ်ရှိ မှရိုးတိုက်နယ်ဆေးရုံ၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။

          တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။