တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၉

            ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

            ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် မာန်အောင်မြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြု၍ မြို့နယ်အတွင်းရှိ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၅၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၀ ဦး၊ ခွဲစိတ်ရောဂါ ၄၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုးရောဂါ ၁၀၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၄ ဦး၊ မျက်စိရောဂါ ၂၅၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၇၉ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

            ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

            ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

                ကျွန်တော်တို့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ လာမယ်ဆိုတာသိလို့ ဒီမှာလာပြတာပါ။ အကုန်လုံးအဆင်ပြေတယ်။ သူတို့စမ်းသပ်ပေးတယ်။ ကုန်းမြေ ထိစပ်တဲ့နေရာမဟုတ်ဘူး။ သီးသန့်ကျွန်းလေးတစ်ခုဖြစ်နေတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အများကြီးအခက်အခဲရှိတယ်။ ဒီမှာကလည်း ဆရာဝန်တွေလုံလောက်မှု မရှိသောကြောင့် တောင်ကုတ်၊ သံတွဲ၊ ရန်ကုန်တွေမှာ သွားပြရတယ်။ တောင်ကုတ်ဆိုရင် မိုင် ၄၀ ကျော်သွားရတယ်။ အထူးသဖြင့် မိုးရာသီမှာဆိုရင် ပြည်သူတွေအနေနဲ့ တော်တော်လေး အခက်အခဲတွေကြုံတယ်။ အခုတောင် တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့လာမယ်ဆိုကတည်းကတိုင် တချို့တွေက ဝမ်းပန်းတသာနဲ့ စောင့်မျှော်နေတာ ကြာပါပြီ။ ခွဲစိတ်ဖို့လိုတဲ့သူကြတော့လည်း ခွဲစိတ်ဖို့လိုသလို  တပ်မတော်က ဆေးစစ်မှုကို တည်းခိုရိပ်ကနေပြီး လိုလေသေးမရှိလုပ်ပေးတဲ့အတွက် အကုန်လုံးအဆင်ပြေတယ်။ နောက်လည်းဒီထက်မက ဒီအရပ်ကိုလာနိုင်ပါစေလို့ လာလည်းလာပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဒေသက ဝေးလံခေါင်ပါးတဲ့ဒေသ သီးခြားကမ္ဘာလေး လိုဖြစ်နေတာ။ ကုန်းနှင့်ဆက်စပ်မှုမရှိတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် သွားရေး လာရေးကအစ အခက်အခဲရှိတယ်။ အခုလိုလာတဲ့အတွက်ကြောင့် အများပြည်သူတွေက အရမ်းဝမ်းသာတယ်။ လုပ်ငန်းကြီးအောင်နိုင်ဖို့အတွက် လမ်းညွှန်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာချမ်းသာပါစေလို့ အဘ တို့က ဆုတောင်းပေးပါတယ်။

 တပ်မတော်ဆေးကုသရေးအဖွဲ့သည် မာန်အောင်မြို့သို့လာရောက်မည်ဆိုလို့ ကျွန်တော် တို့မာန်အောင် ကျွန်းသား၊ ကျွန်းသူတွေဟာ အကုန်လုံးဝမ်းသာနေတာကိုတွေရှိရပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ မျက်စိကိုလာပြတဲ့ လူနာတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်မျက်စိက မျက်ကြည်လွှာနည်းနည်းမှုံလို့ ကျွန်တော့်မျက်စိကို ဒီမှာလာပြရခြင်း ဖြစ်ပါတယ်။ အခုလိုလာပြတဲ့အချိန်မှာလည်း သင်္ဘောပေါ်မှာကျွန်တော့်မျက်ကြည်လွှာကို မြင်ပြီးတော ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေက တတ်သိပညာနှင့်အစွမ်းကုန်ကြိုးစား ပြီးတော့မှ ယခုအခါ ကျွန်တော့်မျက်ကြည်လွှာကြည်လင်သွားပါတယ်။ ဖြစ်တာက နှစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော်တစ်ခါမှမပြဖူးပါဘူး။ အခုမှစိတ်ပါလို့ဒီမှာလာပြတာပါ။ အကုန်လုံးအဆင်ပြေပါတယ်။ လိုလေသေးမရှိပါဘူး။ ဒီမှာလုပ်တာ တပ်မတော်ဆေးကု သရေးအဖွဲ့က လိုလေသေးမရှိကျွန်တော်တို့တွေကို သူနာပြုတွေကော အကုန်လုံးလုပ် ပေးပါတယ်။ ဒါကြောင့် တကယ့်ကိုကောင်းတဲ့ စေတနာကောင်းတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်တဲ့အတွက်ကြောင့် တခြားလူတွေလည်း အချိန်အားလျှော်စွာ လာရောက်ပြသကြဖို့ ကျွန်တော့်အနေနဲ့ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့က တခြားနေရာမှာသွားပြမယ် ဆိုလျှင် ကုန်ကျစရိတ်ကများမယ်။ နောက်ပြီး ကျွန်တော်တို့ မာန်အောင်မြို့နယ်က ရေကြောင်းသွားရတဲ့အတွက်ကြောင့် သွားရလာရ လမ်းစရိတ်တွေအခက်အခဲကြုံပါတယ်။ အခုက ဒီမှာလာပြီးတော့ကုသပေးတဲ့အတွက် အင်မတန်ဒါက အဆင်ပြေပါတယ်။ ကုန်ကျ စရိတ်ဘားမှမရှိပါဘူး။ လိုလေသေးမရှိ စားစရိတ်ကအစ အကုန်လုံးကိုအဆင်ပြေပါတယ်။ အခုလိုလာရောက်ကုသပေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဆရာတွေ၊ ဆရာမတွေ၊ သူနာပြုတွေကို ကျွန်တော်တို့မာန်အောင်မြို့သူ၊ မြို့သားအားလုံးရဲ့ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ ယခုလိုပဲ ခဏခဏ မာန်အောင်မြို့ကိုလာရောက်ဖို့ကိုလည်း မာန်အောင်သူ၊ မာန်အောင်သားတွေရဲ့ ကိုယ်စားဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အတိုင်းမသိဝမ်းသာပီတိ ဖြစ်မိ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မာန်အောင်ကျွန်းကို လာရောက်ပြီးတော့ ယခုလို ပစ္စည်း၊ ဆေးဝါးပစ္စည်းစုံစုံလင်လင်နဲ့ စီမံဆောင်ရွက်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်ပြီး တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုကိုလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့လည်း ကျွန်တော်တို့မာန်အောင်မြို့သူ၊ မြို့သားများရဲ့ ကိုယ်စား ဆုတောင်မေတ္တာပို့သအပ်ပါတယ်။

          ကျွန်တော်တို့မြို့ကို တပ်မတော်ဆေးကုသရေးအဖွဲ့ လာရောက်တယ်လို့ကြားသိရ တော့ တော်တော်လေးကို ကျွန်တော်တို့ဝမ်းသာပီတိဖြစ်ရပါတယ်။ ကြုံရတာပေါ့ မိုးရာသီ ရောက်ရင်အတော်လေးကို အခက်အခဲဖြစ်တယ်။ ကုန်းလမ်းက သွားမရတော့ ရေလမ်းကို ကျွန်တော်တို့အားထားနေရတယ်။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နှစ်စဉ် နှစ်တိုင်းကို တစ်နှစ်ကိုတစ်ခေါက်လောက်ပုံမှန် လာရောက်ဆေးကုသစေချင်တယ်။ တတ်နိုင်တဲ့သူကတော့ ဘာမှပြသနာမရှိဘူး။ မတတ်နိုင်တဲ့လူတွေအတွက်ကတော့ အဆင်ပြေတာပေါ့။ ဒီကျွန်းဒေသကိုရောက်ဖို့ဆိုတာ တော်တော်လေးကိုမလွယ်ဘူးလေ။ အခုရောက်လာတဲ့အဖွဲ့တွေက ကျွန်တော်တို့ကို တော်တော်လေးကို ဂရုစိုက်ကြပါတယ်။