ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ဖောက်လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ဖောက်လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၉

          မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့်  ၈၂၈၂ ပေရှိ ကလွီရွာရှောင်လမ်း မြေသားလမ်းနှင့် ကျောက်ရောမြေ/ ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။