သမုဒ္ဒရာများအတွင်း၌ ပလတ်စတစ်ကြောင့်ဖြစ်ပွားသည့်ညစ်ညမ်းမှု ၁၅ နှစ်အတွင်း မကြုံစဖူးမြင့်တက်

သမုဒ္ဒရာများအတွင်း၌ ပလတ်စတစ်ကြောင့်ဖြစ်ပွားသည့်ညစ်ညမ်းမှု ၁၅ နှစ်အတွင်း မကြုံစဖူးမြင့်တက်

ကမ္ဘာပေါ်ရှိ   သမုဒ္ဒရာများအတွင်းပလတ်စတစ်ကြောင့်   ဖြစ်ပွားနေသည့် ညစ်ညမ်းမှုသည် ၁၅ နှစ် အတွင်း မကြုံစဖူးထူးခြားစွာမြင့်တက်လာကြောင်း သုတေသီများက အသစ်ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ပင်လယ်သမုဒ္ဒရာများအတွင်းသို့   စွန့်ပစ်ခဲ့သည့်ပလတ်စတစ်အညစ်အကြေး ပမာဏသည်ယခုအခါ မကြုံစဖူးထူးခြားစွာ မြင့်တက်လာကြောင်း၊     ယင်းအခြေအနေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက  လာမည့်ဆယ်စုနှစ်များအတွင်းပင်လယ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်သည့် ပလတ်စတစ်အညစ်အကြေးပမာဏမှာ ခုနစ်ဆခန့်မြင့်တက်လာနိုင်ကြောင်း သုတေသီ များက ဏူဥှ ဥညန ဂျာနယ်တွင် ဖော်ပြ ထားခြင်းဖြစ်သည်။

ပလတ်စတစ်များကြောင့်ဖြစ်ပေါ်လာသည့် ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှုသည် ကမ္ဘာ့နိုင်ငံများက  လက်ရှိရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး  တိရစ္ဆာန်အများအပြားသည်   ငါးဖမ်းပိုက်များသို့မဟုတ်     မိုက်ခရိုပလတ်စတစ်များကို မျိုချမိပြီးနောက်  နောက်ဆုံးတွင် အဆိုပါအညစ်အကြေးများသည်  လူသားများစားသုံးနေသည့် အစားအစာကွင်းဆက်များအတွင်းသို့ ရောက်ရှိသွားနိုင်ကြောင်း၊ လက်ရှိတွင် တစ်ကမ္ဘာလုံးရှိပင်လယ်သမုဒ္ဒရာများတွင် ရှိနေသည့် ပလတ်စတစ်အညစ်အကြေးအပိုင်းအစများသည် ခန့်မှန်းခြေအားဖြင့် ၁၇၀ ထရီလီယံခန့်ရှိနေကြောင်း၊ ယင်းအညစ်အကြေးများကို လူသားများက ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်မှစ၍ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း  ယခုရက်သတ္တပတ်အတွင်းက ထုတ်ပြန်သည့်  အစီရင်ခံစာတွင် ဖော်ပြသည်။

သုတေသီများသည်   မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်ပစိဖိတ်၊ တောင်ပစိဖိတ်၊ အိန္ဒိယသမုဒ္ဒရာနှင့် မြေထဲပင်လယ်အတွင်းရှိ     ပလတ်စတစ်အညစ်အကြေးများကို လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: ST