ဒါကာမြို့တွင်ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူဦးရေ ၂၁ ဦးအထိမြင့်တက်

ဒါကာမြို့တွင်ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူဦးရေ ၂၁ ဦးအထိမြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ  မြို့တော်ဒါကာတွင် ဖြစ်ပွားသည့်မီးလောင်ကျွမ်းမှုအတွင်းသေဆုံးသူဦးရေမှာ ၂၁ ဦး အထိမြင့်တက်လာကြောင်း အာဏာပိုင်အဖွဲ့က မတ် ၉ ရက်တွင်ထုတ်ပြန်သည်။

ပေါက်ကွဲမှုသည်    ဒါကာမြို့တော်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုတွင် မတ် ၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။လက်ရှိတွင်မီးလောင်ကျွမ်းမှုကြောင့် လူ ၃၀ ကျော်မှာ အပြင်းအထန်ဒဏ်ရာရရှိထား သောကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး အက်တာရွတ်ဇာ မန်က သတင်းထောက်များကိုပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် မြို့တော်အာဏာပိုင်အဖွဲ့သည် အခင်းဖြစ်ပွား ရာနေရာသို့   မီးသတ်ယာဉ်  ၁၁  စီးကိုစေလွှတ်ခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ခုနစ် ထပ်အဆောက်အအုံတစ်ခုနှင့်  ငါးထပ် အဆောက်အအုံတစ်ခုတွင်  ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မည်သည့်အကြောင်းရင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားရသည်ကို အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး    လက်ရှိတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသည့် အဆောက်အအုံပိုင်ရှင်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထား သည်။                

Ref:kalerkantho