အိန္ဒိယနိုင်ငံတွင် တစ်ဦးချင်းစီ၏ဝင်ငွေ ကိုးနှစ်အတွင်းနှစ်ဆမြင့်တက်

အိန္ဒိယနိုင်ငံတွင် တစ်ဦးချင်းစီ၏ဝင်ငွေ ကိုးနှစ်အတွင်းနှစ်ဆမြင့်တက်

 

အိန္ဒိယနိုင်ငံတွင် တစ်ဦးချင်းစီ၏ဝင်ငွေသည် ပြီးခဲ့သည့် ကိုးနှစ်အတွင်း နှစ်ဆမြင့်တက်လာကြောင်း မျိုးသားစာရင်းအင်းအဖွဲ့ကထုတ်ပြန်သည်။

နိုင်ငံအတွင်းရှိလူတစ်ဦးချင်းစီ၏ ဝင်ငွေသည်ပြီးခဲ့သည့် ကိုးနှစ်အတွင်းရူပီး ၁၇၂၀၀၀  (ဒေါ်လာ၂၁၀၅) အထိမြင့်တက်လာပြီး ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်းက တစ်ဦးချင်းစီ၏ဝင်ငွေပမာဏမှာ ၈၆၆၄၇ (ဒေါ်လာ ၁၀၆၀)ခန့်သာရှိသောကြောင့် သိသိသာသာတိုးမြင့်လာကြောင်း စာရင်းအင်းနှင့်စီမံကိန်း ဖော်ဆောင်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

သို့ရာတွင်  နိုင်ငံအတွင်း၌  ဝင်ငွေကွာဟမှုသည်   ကြီးမားစွာဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း  ယင်းအဖွဲ့ကဆိုသည်။

သို့သော်  နိုင်ငံအတွင်းရှိလူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ တစ်ဦးချင်းစီဝင်ငွေတိုးမြင့်လာခြင်း ဖြစ်သောကြောင့် ဝင်ငွေတိုးတက်မှု  ကွာဟနေခြင်းသည် ကြီးမားသည့်   စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း  စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ဂျာယာတီဂေါ့ရှ်က ပြောကြားထားကြောင်း သိရသည်။

TheETs