တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၀

    ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီး သော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ မျက်စိခွဲစိတ် လူနာများအား မျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ် ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကြသည်။ ထို့နောက် အဆိုပါ လူနာများအား မာန်အောင်မြို့နယ်ခန်းမသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင် ပေးသည်။

  ထို့အတူ နယ်လှည့်အထူးကုဆေး အဖွဲ့သည် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၈၇ ဦးအား  မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၉၄ ဦး၊ ခွဲစိတ်ရောဂါ ၁၀၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ ၆၈ ဦး၊ အရိုးရောဂါ ၃၀၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၁၂၅ ဦး၊ မျက်စိရောဂါ ၃၈၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၈ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၁၄၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၉၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၃ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

        ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

    “ကျောကုန်းမှာအဖုပေါက်နေတယ်။ ဒီမှာက သွားရေး၊ လာရေး နည်းနည်းခက်ခဲလို့ တပ်မတော်နယ်လှည့် ဆေးကုလာတယ်ဆိုတော့ အဆင်ပြေတယ်ဆိုပြီး လာပြတာပါ။ လာပြတော့လည်း အကုန်လုံးအဆင် ပြေပါတယ်။ ဒီကလူတွေမှာလည်း ရောဂါက နှလုံး၊ ကျောက်ကပ အမျိုးမျိုးဖြစ်ဖြစ်ကြတယ်။ ဒီမှာကအဲ့ဒီလို ရောဂါမျိုးတွေအတွက် အထူးကုကလည်းမရှိ။ မရှိတော့ တစ်ခုခုဖြစ်လာပြီဆိုလျှင် ရန်ကုန်၊ တောင်ကုတ်၊ သံတွဲ ဘက်ကိုသွားရတယ်။ ကျန်းမာရေးဌာနက လူတွေကလည်း ဝိုင်းဝန်းပံ့ပိုးကြတယ်လေ။ ကိုယ်သွားချင်တဲ့၊ ရောက်ချင်တဲ့ ဌာနကိုသွားတယ်။ ဒီကဆရာကြီးတွေကလည်း အကုန်ဆေးစစ ်ပေးပါတယ်။ ကိုယ့်ရောဂါ အခြေအနေကို ကိုယ်သိတဲ့အခါ စိတ်ချမ်းသာရတယ်။ အခုလိုလာရောက်ကုသပေးတဲ့ အတွက်လည်း အရမ်း ဝမ်းသာပါတယ်။ ဒီလိုမျိုးအခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်လို့ အရမ်းဝမ်းသာတယ်။ ကြည်နူး တယ်။ ယခုလိုတပ်မတော်က နယ်လှည့်ဆေးကုတာကိုလည်း ဖြစ်နိုင်ရင် ဒီနေရာကို ခဏခဏလာစေချင်ပါ တယ်။ နိုင်ငံတော် အကြီးအကဲကိုလည်း ခဏခဏလွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီလိုမျိုးအဆင်ပြေအောင် လာရောက်ကူညီးပေးတဲ့ နိုင်ငံတော် အကြီးအကဲကို ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်ဝေးကွာ ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီထက်မကလည်း ပြည်သူတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ မေတ္တာပိုဆုတောင်းလိုက်ပါတယ်။ “

    “ဒီကကျန်းမာရေးဌာနမှာ တာဝန်ကျနေတဲ့ သားဖွားဆရာမပါ။ ဒီမာန်အောင်မြို့နယ်ရဲ့ ဒေသခံပါပဲ။ ဆရာတွေ လိုအပ်တဲ့အရာတွေကို ကျွန်မတို့က ကူညီပြီး ပံ့ပိုးပေးပါတယ်။ အခုလိုလာရောက်တဲ့အတွက် ကျွန်မတိုအရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မာန်အောင်ကျွန်းက တခြားနေရာကိုသွားပြမယ်ဆိုရင် အရမ်းအခက်အခဲရှိတယ်လေ။ ပြီးတော့ မသွားနိုင်တဲ့သူလည်း အများကြီး ရှိတာပေါ့။ အဲ့ဒီအချိန်မှာ ဒီလိုမျိုးလာပြီးဆရာတို့က ဆေးကုပေးတော့ ဒေသခံတွေအတွက် အများကြီး အကျိုးထူးတွေရပါတယ်။ တခြားမရှိတဲ့သူတွေအတွက်လည်း အများကြီး အထောက်အကူပြုတယ်လေ။ ကျန်းမာရေး ကိစ္စအများကြီး ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုရင် ဒီမှာက သွားရလာရတာ အရမ်းခက်ခဲတယ်လေ။ ပြီးတော့ ဒီမာန်အောင်မြို့ကနေပြီး တောင်ကုတ်တို့ သံတွဲမြို့တို့အထိ သွားရတာဆိုတော့ အရမ်းခက်ခဲ တယ်လေ။ ယခုလို ကိုယ့်မြို့နယ်အတွင်းမှာ လာပြီးတော့ ဒီလိုမျိုးကုသဖို့အတွက် လာတယ်ဆိုတော့ ဒီက ဒေသခံတွေအနေနဲ့ အများကြီး အဆင်ပြေတယ်လေ။ အရမ်းအဆင်ပြေတယ်။ ပြီးတော့ ဒီကိုက လွယ်လင့်တကူ လာလို့ရတယ်။ ကိုယ့်နယ်မြေခံအတွင်းမှာ လာပြီးတော့ဆေးကုသခွင့်တွေ ရတယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ယခုလို လာရောက်ကုသပေးဖို့အတွက် လမ်းညွှန်မှုပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တကွ ယခုလိုလာရောက်ကုသပေးတဲ့ ဆရာဝန်ကြီးတွေ ပြီးတော့ ဆရာမကြီးတွေ သူနာပြုတွေနဲ့ အခြား ကျန်းမာရေး ဝန်ထမ်းတွေအကုန်လုံးကို ကျွန်မက ဒေသခံတွေရဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်။”