၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ် အားကစားပြိုင်ပွဲများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလား ရရှိခ

၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ် အားကစားပြိုင်ပွဲများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု

နေပြည်တော်၊ မတ် - ၁၀

            ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ် အားကစားပြိုင်ပွဲများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ တွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ၊ တံခွန်စိုက်ဆုဖလားရရှိခဲ့သော အောင်ပွဲရအားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တံခွန်စိုက်ဆုဖလား ရရှိခဲ့သော အားကစားသမားများက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တံခွန်စိုက်ဆုဖလားများ အပ်နှံသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် အားကစား သမားများအား ဂုဏ်ပြုဆုငွေကျပ် ၁၄၆၇ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ကြရာ အောင်ပွဲရ အားကစားအသင်းများ ကိုယ်စား အုပ်ချုပ်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် အောင်ပွဲရအားကစား သမားများ၊ နည်းပြများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြု နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

            အားကစားသမားများသည် အားကစားပြိုင်ပွဲများ ဖြစ်သော အလေးမအားကစား၊ လက်ဝှေ့အားကစား၊ ရိုးရာခြင်းလုံးအားကစား၊ တိုက်ကွမ်ဒို အားကစား၊ ဘော်လီဘောအားကစား၊ သေနတ်ပစ်အားကစား၊ ပိုက်ကျော်ခြင်းအားကစား၊ U-19 ဘောလုံးအားကစား၊ U-18 ဘောလုံး(အမျိုးသမီး)၊ U-25 ပြေးခုံပစ်အားကစား၊ မြန်မာသိုင်းအားကစား၊ ဂျူဒိုအားကစား၊ ကြက်တောင်အားကစား၊ ဘတ်စကတ်ဘော အားကစား၊ စစ်တုရင်အားကစား၊ စားပွဲတင်တင်းနစ်အားကစား၊ ဘိလိယက် အားကစား၊ ဝူရှူးအားကစား၊ ဂေါက်သီးရိုက အားကစားတို့တွင် စုစုပေါင်း ရွှေတံဆိပ် ၆၆ ဆု၊ ငွေတံဆိပ် ၄၈ ဆု၊ ကြေးတံဆိပ် ၅၀ ဆုတို့ အသီးသီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။