အီရန်တွင်ဖြစ်ပွားသည့် အဆိပ်သင့်မှုနှင့်စပ်လျဉ်း၍ ကျောင်းသား ၁၀၀ ကျော်ကိုဖမ်းဆီး

အီရန်တွင်ဖြစ်ပွားသည့် အဆိပ်သင့်မှုနှင့်စပ်လျဉ်း၍ ကျောင်းသား ၁၀၀ ကျော်ကိုဖမ်းဆီး

အီရန်အစိုးရသည်    နိုင်ငံအတွင်းဖြစ်ပွားသည့်  အဆိပ်သင့်မှုနှင့်စပ်လျဉ်း၍ ကျောင်းသား  ၁၀၀ ကျော်ကို  ဖမ်းဆီးထားကြောင်းထုတ်ပြန်သည်။

အဆိပ်သင့်မှုများသည် နိုင်ငံအတွင်းရှိ ပြည်နယ်  ၁၁ ခုတွင်  ဖြစ်ပွားခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူ ကျောင်းသားများသည် စာသင်ချိန်အတန်းမတက်ဘဲ ကျောင်းပြေးရန်အတွက် အဆိပ်သင့်စေသည့် အရာဝတ္ထုများကို အသုံးပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။  ၎င်းတို့အားဖမ်းဆီးပြီး နောက်ပိုင်းတွင်    အာဏာပိုင်များက သတိပေးဆုံးမမှုများ လုပ်ဆောင်ခဲ့ကြောင်း  သိရသည်။

နိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့်  အဆိုပါအဆိပ်သင့်မှုများသည် အခြားကျောင်းသားများနှင့်ပြည်သူများကြား   စိုးရိမ်မှုများကို ဖြစ်ပွားစေခဲ့သည့်အပြင် အဆိုပါ ကျောင်းသားများ၏ လုပ်ဆောင်ချက်များသည် အကြမ်းဖက်မှုများနှင့် ဆက်နွှယ်မှုရှိ၊မရှိကို အာဏာပိုင်များက စစ်ဆေးလျက်ရှိသည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၃၀ ရက်မှစ၍ နိုင်ငံအတွင်းရှိ စာသင်ကျောင်း ၃၀ ကျော်မှ ကျောင်းသား၇၀၀ ကျော်သည်  ထူးဆန်းသည့်အဆိပ်သင့်မှုများဖြစ်ပွားခဲ့ပြီး    ၎င်းတို့အနက် ကွမ်ပြည်နယ်တွင် ပထမဆုံးဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Themeghalayan