တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးလီရှန်ဖူကို နိုင်ငံ၏ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ်ခန့်အပ်

တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးလီရှန်ဖူကို နိုင်ငံ၏ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ်ခန့်အပ်

တရုတ်နိုင်ငံသည် ဗိုလ်ချုပ်ကြီးလီရှန်ဖူကို   နိုင်ငံ၏ကာကွယ်ရေးဝန်ကြီး  အသစ်အဖြစ် မတ် ၁၂ ရက်တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးလီသည်    အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နှင့်တွေ့ဆုံဆွေးနွေးရာတွင်  လိုက်ဖက်မှု ရှိစေရန်အတွက် တရုတ်အမျိုးသားကွန်ဂရက်လွှတ်တော်က  အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။   အသက်  ၆၅ နှစ် အရွယ်ရှိ ဗိုလ်ချုပ်ကြီးလီသည်   မကြာမီရာထူးမှ ထွက်ခွာမည့်  ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်းဟေ၏နေရာတွင် အစားထိုးတာဝန် ထမ်းဆောင်မည်ဖြစ်သည်။

အမေရိကန်အစိုးရသည် ဗိုလ်ချုပ်ကြီးလီအပေါ် ပိတ်ဆို့မှုများချမှတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအသစ် အစားထိုးခန့်အပ်မှုသည်  မလွယ်ကူသည့် တရုတ်-အမေရိကန်ဆက်ဆံရေးကို  ပိုမိုခက်ခဲစေမည်ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးလီသည် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့်    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏  မဟာဗျူဟာမြောက်အထောက်အကူပြုတပ်ဖွဲ့အား အာကာသ၊ ဆိုက်ဘာ၊ နိုင်ငံရေးနှင့် အီလက်ထရွန်နစ်စစ်ပွဲအတွက် အထူးအာရုံစိုက်လုပ်ဆောင်ရန်     ပြုပြင်ပြောင်းလဲခဲ့သူဖြစ်ကြောင်းသိရသည်။       

 

    Ref:ST