၂၀၁၇ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးအသင်း ဘုန်းမောက် အသင်းကို ပထမအကြိမ် ရှုံးပွဲတွေ့

၂၀၁၇ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးအသင်း ဘုန်းမောက် အသင်းကို ပထမအကြိမ် ရှုံးပွဲတွေ့

    ပရီးမီးယားလိဂ်ပြိုင်ပွဲ    ပွဲစဉ်(၂၇)အဖြစ် ကစားသည့်ပွဲစဉ်တွင်   လီဗာပူးအသင်းသည်  အဝေးကွင်း၌   ဘုန်းမောက်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ဘုန်းမောက်အသင်းကို ပထမအကြိမ်ရှုံးပွဲ တွေ့ကြုံခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘုန်းမောက်အသင်းက ပွဲချိန် ၂၈မိနစ်တွင် သွင်းယူခဲ့သည့်   ဘီလင်း၏   တစ်လုံးတည်းသော သွင်းဂိုးဖြင့်   လီဗာပူးအသင်းကို အနိုင်ရရှိခြင်းဖြစ်ပြီး လီဗာပူးအသင်း အနေဖြင့် ပွဲချိန် မိနစ် ၇၀ တွင် ပယ်နယ်တီ ကန်သွင်းခွင့် ရရှိသော်လည်း ဆာလက်ချ်ကန်သွင်းရာတွင် ဂိုးပေါက်မတည့်သည့် အတွက် နစ်နာခဲ့ရသည်။

လီဗာပူးအသင်းသည်   ၂၀၁၇   ခုနှစ်မှစတင်ကာ ဘုန်းမောက်အသင်းနှင့်    တွေ့ဆုံခဲ့သည့် ပွဲစဉ်တိုင်း  သရေရလဒ်ပင်မရရှိဘဲ  ပွဲစဉ်အားလုံးကို   အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ၄ ဂိုး-ဂိုးမရှိ၊ ၂၀၁၈ ခုနှစ် ဧပြီလက  ၃ ဂိုး-ဂိုးမရှိ၊   ဒီဇင်ဘာလက ၄ ဂိုး-ဂိုးမရှိ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ၃ ဂိုး-ဂိုးမရှိ၊ ဒီဇင်ဘာလက ၃ ဂိုး-ဂိုးမရှိ၊ ၂၀၂၀ ပြည့်နှစ်က ၂ ဂိုး-၁ ဂိုးနှင့် ယခုဘောလုံးရာသီ ပထမအကျော့ပွဲစဉ်တွင်   အိမ်ကွင်း၌  ၉ ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ်တွင်  ၁ ဂိုး-ဂိုးမရှိဖြင့် ပထမအကြိမ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။