မီဒီယာများမှ စွပ်စွဲဖော်ပြမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

မီဒီယာများမှ စွပ်စွဲဖော်ပြမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

နေပြည်တော်  မတ်  ၁၃

မေး။ ။ ယခုရက်ပိုင်း  မီဒီယာအချို့မှာ ပင်လောင်းမြို့နယ်၊ နမ့်နိမ်ရွာဘုန်းကြီး ကျောင်းမှာ သံဃာ(၃)ပါးနဲ့ ပြည်သူတွေကို ကယား PDF လို့ စွပ်စွဲပြီး တပ်က အစုလိုက်၊ အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့နေရပါတယ်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်စဉ် အမှန်ကို သိချင်ပါတယ်။

ဖြေ။ ။ ပင်လောင်းဒေသဆိုတာက ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်းဖြစ်တယ်။တည်ငြိမ်အေးချမ်းမှုရှိတဲ့   ဒေသလည်းဖြစ်ပါတယ်။ ယခင်ကတည်းက တပ်မတော် အနေနဲ့ရော  အစိုးရအနေနဲ့ပါ  ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်နေတာရှိပါတယ်။ အဲဒီဒေသနဲ့နီးစပ်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တယ်။ မငြိမ်မသက်ဖြစ်နေတယ် ဆိုပေမယ့်  ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိနေတာ အမှန်ပါပဲ။ ဒါကတော့ ပအို့ဝ်ဒေသမှာ နယ်မြေခံပြည်သူ့စစ်တွေ၊ PNLO အဖွဲ့ အစည်းတွေ၊ တပ်မတော်သားတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်။ မတ်လဆန်း လောက်မှာ တောင်ဘက်မှာရှိတဲ့ KNPF/ KNPP/ PDF  အကြမ်းဖက်အဖွဲ့တွေက ပအို့ဝ်ဒေသကို နှောင့်ယှက်ဖျက်ဆီးတိုက် ခိုက်လာတာတွေ့ရတယ်။ မတ်လ ၁၁ ရက် နေ့က ပင်လောင်းမြို့နယ်၊ နမ့်နိမ်ရွာမှာ KNPF/ KNPP အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီး    ရွာကိုခြိမ်းခြောက်တယ်။ နယ်မြေဒေသကို ခြိမ်းခြောက်တာ တွေ ရှိလာတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ် တွေနဲ့ပူးပေါင်းပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ မတ်လ ၁၁ ရက်နေ့ ၉ နာရီမှာ အဲဒီရွာနားရောက်တဲ့ အခါမှာ KNPF/ KNPP/PDF အကြမ်းဖက်အဖွဲ့တွေက  တပ်မတော်စစ်ကြောင်းတွေ၊ နယ်မြေခံဒေသခံပြည်သူ့စစ်တွေကို  စတင် တိုက်ခိုက်ခဲ့တယ်။ ချောင်းမြောင်းပစ်ခတ် ခဲ့ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။  ပြီးတော့ အဲဒီအဖွဲ့တွေက တည်ငြိမ်အေးချမ်းနေ  တဲ့ နမ့်နိမ်ရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တယ်။   ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို  တိုက်ခိုက်ခဲ့ရတာရှိတယ်။ အလောင်းနဲ့  လက်နက်တချို့ရရှိခဲ့တယ်။ ညနေ ၃ နာရီနောက်ပိုင်းမှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ဖြစ်စဉ်တစ်ခုလုံးကို ပြောရ မယ်ဆိုရင်တော့ ပအို့ဝ်ဒေသရဲ့ ငြိမ်းချမ်းနေမှု၊  ဖွံ့ဖြိုးတိုးတက်နေမှုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လာရောက် ဆောင်ရွက်နေတာဖြစ်တယ်။ တည်ငြိမ်နေတဲ့  ပအို့ဝ် ဒေသခံတွေ၊   ပအို့ဝ်ပြည်သူ့စစ်တွေ၊  ဒေသခံလုံခြုံရေးအဖွဲ့တွေနဲ့ တပ်မတော် ကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNPF/ KNPP/ PDFအဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ ရွာသူ/ရွာသားတွေသေတယ်ဆိုပြီး သတင်း မှားလွှင့်နေတာရှိတယ်။ KNPF/ KNPP/ PDF အကြမ်းဖက်အဖွဲ့တွေ ဝင်သွားပြီး အကြမ်းဖက် ပစ်ခတ်တဲ့အချိန်မှာ ရွာသူ/ ရွာသားတချို့လည်း သေဆုံးတယ်။ ထိခိုက် ဒဏ်ရာရတာတွေ့ရတယ်။ ထွက်ပြေးရတာ မျိုးလည်းရှိတယ်။ ကျွန်တော်ဆိုလိုတာက ပအို့ဝ်ဒေသသည် အစဉ်အဆက် ငြိမ်းချမ်း လာတဲ့ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာရှိတဲ့ KNPF/ KNPP  အဖွဲ့တွေအနေ နဲ့ ပအို့ဝ်ဒေသကို တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ အစိုးရ၊ တပ်မတော်နဲ့ ဒေသခံ ပအို့ဝ်ပြည်သူလူထုအကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန် ခဲ့သူတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန် ခဲ့သူတွေဟာ  ဒီလူတွေပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအို့ဝ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပအို့ဝ်ပြည်သူ လူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ KNPF/ KNPP/ PDF  အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို  ပြင်းပြင်းထန်ထန် ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြောချင်ပါတယ်။