တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မျက်စိခွဲစိတ်လူနာများအား ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန် များ ဆက်လက်ဆောင်ရွက်ပေး

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မျက်စိခွဲစိတ်လူနာများအား ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန် များ ဆက်လက်ဆောင်ရွက်ပေး

နေပြည်တော်၊ မတ် ၁၄

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ် စနဲမြို့နယ်နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၉ ဦးအား ဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 အဆိုပါမျက်စိခွဲစိတ်လူနာများအား တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြား၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဒေသခံပြည်သူ ခွဲစိတ်လူနာ များအား စနဲမြို့ဆိပ်ခံတံတားသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးကြ သည်။

ဆက်လက်၍ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စနဲမြို့နယ်မှ မြေပုံမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။