လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါနအခမဲ့ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါနအခမဲ့ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မတ် - ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး လာရှိုးမြို့ပြည်သူ့ဆေးရုံကြီး ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အာဟာရဒါနကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံယူကြပြီး ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။