တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊  ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင်  ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲ မောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီးတို့ လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းမိမူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးမှ   တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား  ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

 (၁၀၀)