ဘာစီလိုနာအသင်းကို လာဘ်ပေးမှုအတွက် စွဲချက်တင်ထားခြင်းအပေါ် ထောက်ခံကြောင်း ရီးယဲလ်မက်ဒရစ်အသင်းထုတ်ပြန်

ဘာစီလိုနာအသင်းကို လာဘ်ပေးမှုအတွက် စွဲချက်တင်ထားခြင်းအပေါ် ထောက်ခံကြောင်း ရီးယဲလ်မက်ဒရစ်အသင်းထုတ်ပြန်

မက်ဒရစ်၊ ဘောလုံး

ဘာစီလိုနာအသင်းက စပိန်လာလီဂါဘောလုံး အဖွဲ့ချုပ် ဒိုင်ကော်မတီဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာ အား လာဘ်ပေးမှုအတွက် အသင်းကိုစွဲချက်တင်ထား ခြင်းအပေါ်  ရီးယဲလ်မက်ဒရစ်အသင်းက  ထောက်ခံ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာအား စတာလင် ပေါင် ၁ ဒသမ၂ သန်း လာဘ်ပေးမှုပြုလုပ်ခဲ့သည်ဟု စပိန်အာဏာပိုင်များက စွဲချက်တင်ထားပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

ဘာစီလိုနာအသင်းကို လာဘ်ပေးမှုဖြင့်စွဲချက်တင်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည့် သတင်းထွက်ပေါ်လာ ပြီးနောက် ရီးယဲလ် မက်ဒရစ် အသင်းဥက္ကဋ္ဌ ပီရက်ဇ် ဦးဆောင်ပြီး အသင်းဘုတ်အဖွဲ့ဝင်များက အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကာ စပိန်အာဏာပိုင်များ၏ ဘာစီလိုနာအသင်းကို လာဘ်ပေးမှုဖြင့် စွဲချက်တင်စစ်ဆေးမှုအား ထောက်ခံကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းကလည်း ဒိုင်ကော်မတီဥက္ကဋ္ဌဟောင်း နီဂရီရာကို စပိန်လာလီဂါပြိုင်ပွဲမှ ဒိုင်လူကြီး များ၏ အရည်အသွေး တိုးတက်လာစေရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းခဲ့ခြင်းသာဖြစ်ပြီး လာဘ်ပေးမှုပြုလုပ်ခဲ့ခြင်းမရှိဟု တုံ့ပြန်ထားသော်လည်း စပိန် အာဏာပိုင်များက   စုံစမ်းစစ်ဆေးမှုများ   ပြုလုပ်နေကြောင်း သိရသည်။          

Ref;One Football