ယခုဘောလုံးရာသီအကုန်တွင် မက်ဆီနှင့်နေမာတို့ကိုလက်လွှတ်ပြီး ဟာလန်းနှင့် ဒမ်ဘီလီတို့ကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပြင်ဆင်လျက်ရှိ

ယခုဘောလုံးရာသီအကုန်တွင် မက်ဆီနှင့်နေမာတို့ကိုလက်လွှတ်ပြီး ဟာလန်းနှင့် ဒမ်ဘီလီတို့ကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပြင်ဆင်လျက်ရှိ

ပါရီ၊ ဘောလုံး

ပီအက်စ်ဂျီအသင်းက ယခုဘောလုံးရာသီအကုန် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ မက်ဆီနှင့်နေမာတို့ကို လက်လွှတ်ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် ဘာစီလိုနာ အသင်း တောင်ပံကစားသမားဒမ်ဘီလီတို့ကိုခေါ်ယူ ကာ  ကြယ်စင်စုအသင်းတစ်သင်းဖြစ်အောင်  တည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းပိုင်ရှင် ကာတာသန်းကြွယ်သူဌေး အယ်ခ်လိုင်ဖီသည် အသင်းကို ငွေကြေးများစွာရင်းနှီးမြှုပ်နှံပြီး ထိပ်တန်း အသင်း တစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီးနောက် ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုများစွာရယူနိုင်ခဲ့သည်။ ထို့နောက်    ဥရောပ အဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရန် ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိအချိန်ထိ အောင်မြင်မှုမရရှိဘဲ ယခု ဘောလုံးရာသီတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အပြောင်း အလဲပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မက်ဆီနှင့်နေမာ တို့ကိုလက်လွှတ်ပြီး  မန်စီးတီး အသင်းမှ ဟာလန်း ကို မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော ယူရို  ၁၇၅ သန်းဖြင့်လည်းကောင်း၊  ဘာစီလိုနာ အသင်းမှ ဒမ်ဘီလီကို ယူရို သန်း ၅၀ ဖြင့်လည်း ကောင်းခေါ်ယူပြီး အသင်းမှအမ်ဘတ်ပီနှင့်တွဲဖက်ကာ အသင်းကို စပိန်ထိပ်သီး   ရီးယဲလ်မက်ဒရစ် အသင်းကဲ့သို့ အောင်မြင်မှုများရရှိအောင်  ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 Ref;The Telegraph