ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။      ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အကွက်(၁)၊ ဆင်ကူးလမ်း၊ အမှတ်(၁၁၄)တွင် ပါတီရုံးချုပ်တည်ရှိသော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ်  ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၁၄-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။      ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။