တရုတ်ခရီးသွားများကြောင့် နီပေါခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမည်ဟုမျှော်မှန်း

တရုတ်ခရီးသွားများကြောင့် နီပေါခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမည်ဟုမျှော်မှန်း

တရုတ်ခရီးသွားများ   ပိုမိုဝင်ရောက်လာမည့်အတွက် နီပေါနိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာမည်ဟု မျှော်မှန်းရကြောင်း နီပေါခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများက မတ် ၁၅ ရက်တွင် ပြောသည်။

နီပေါနိုင်ငံသည် တရုတ်ခရီးသွားများ သွားလာမှု အများဆုံးနိုင်ငံ ၄၀ စာရင်းတွင် အပါအဝင်ဖြစ်လာပြီး ယခုကဲ့သို့သော သတင်းကောင်းကို  စောင့်မျှော်ခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း နီပေါ ခရီးသွားလုပ်ငန်းတစ်ခုမှ ဥက္ကဋ္ဌ   ကစ်ရှိုးရာ့ပန်ဒေးက ပြောသည်။

တရုတ်အစိုးရက နိုင်ငံရဲ့တံခါးပေါက်များကို မဖွင့်ပေးမီကတည်းက တရုတ်ခရီးသွားအေဂျင်စီများဆီကနေ မေးမြန်းစုံစမ်းမှုများကို ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်။ အခုတော့ အဲဒီစုံစမ်းမှုများက လက်တွေ့ခရီးသွားလာမှုအတွက် ဖြစ်လာပါပြီလို့ ဆိုနိုင်ပါတယ်ဟု ကစ်ရှိုးရာ့ပန်ဒေးက ဆက်ပြောသည်။

ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော ပြည်ပဝင်ငွေရှာဖွေပေးရာ လုပ်ငန်းဖြစ်ပြီး   ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်အချိန်အတွင်း ကြီးစွာသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်တွင် နီပေါနိုင်ငံက ပြည်ပခရီးသွား ၁ ဒသမ ၁၉ သန်းကို လက်ခံရရှိခဲ့ပြီး   ထိုအထဲတွင်   တရုတ်ခရီးသွား ၁၇၀၀၀၀ ခန့်ပါဝင်သည်။

ယခုနှစ်အတွင်းတွင်မူ နိုင်ငံသို့ပြည်ပခရီးသွား တစ်သန်းအထိဝင်ရောက်ကာ နောက်နှစ်များတွင် ယခုထက်ပိုသော ပမာဏရှိသည့် ပြည်ပခရီးသွားများကို လက်ခံရရှိမည်ဟု နီပေါအစိုးရက မျှော်မှန်းထားကြောင်း သိရသည်။

Ref: Xinhua