၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၄၃၇၇၂ ဦးနှင့် ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၁၁၇၀၀၁ ဦးရှိ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၄၃၇၇၂  ဦးနှင့် ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၁၁၇၀၀၁ ဦးရှိ

နေပြည်တော်  မတ်  ၁၅

       ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့ကို    ဆက်လက် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ဇီဝဗေဒ ဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၄၃၇၇၂  ဦးနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူစုစုပေါင်း ၁၁၇၀၀၁ ဦးရှိကြောင်း သိရသည်။

      ယနေ့တွင် သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် နိုင်ငံခြား စာစစ်ဌာန ၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၇၅၆ ခု စာစစ်ဌာန စုစုပေါင်း ၇၅၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၄၇၄၃၆ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၄၃၇၇၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း အနေဖြင့် ၉၂ ဒသမ ၂၈ ရာခိုင်နှုန်းရှိသည်။

      ထို့ပြင် ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် နိုင်ငံခြားစာစစ်ဌာန ၃ ခုနှင့်  ပြည်တွင်းစာစစ်ဌာန ၈၅၆ ခု စာစစ်ဌာန စုစုပေါင်း ၈၅၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၁၆၁၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၇၀၀၁ ဦးရှိကာ ဖြေဆိုသူ  ရာခိုင်နှုန်းအနေဖြင့် ၈၈ ဒသမ ၉၀ ရာခိုင်နှုန်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ  သိရသည်။