အိန္ဒိယအာကာသလုပ်ငန်းအတွက် ရူပီးဘီလီယံ ၉၀ ကျော်ခွဲဝေသတ်မှတ်ပေးထား

အိန္ဒိယအာကာသလုပ်ငန်းအတွက် ရူပီးဘီလီယံ ၉၀ ကျော်ခွဲဝေသတ်မှတ်ပေးထား

အိန္ဒိယနိုင်ငံ၏   အာကာသလုပ်ငန်းအတွက် ရူပီးဘီလီယံ ၉၀ ကျော်ခွဲဝေသတ်မှတ်ပေးထားကြောင်း  သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဂျီတန်ဒရာဆင်းကပြောသည်။

Gaganyaan Mission အမည်ရှိ အဆိုပါအာကာသလုပ်ငန်းသည် အာကာသယာဉ်မှူးသုံးဦးကို ကီလိုမီတာ ၄၀၀ အမြင့်ရှိ ကမ္ဘာပတ်လမ်းအတွင်းသို့   စေလွှတ်ပြီး သုံးရက်အကြာတွင်     ထိုအာကာသယာဉ်မှူးများကို ကမ္ဘာမြေသို့ ပြန်လည်ခေါ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။

ယခုလုပ်ငန်းသည် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာပတ်လမ်းအနိမ့်သို့  လူစေလွှတ်ကာ ပြန်လည်ခေါ်ဆောင် နိုင်စွမ်းရှိသည်ကို လက်တွေ့ပြသရန်ဖြစ်ကြောင်း   သိပ္ပံနှင့်နည်းပညာဝန်ကြီးက  လွှတ်တော်၌ပြောသည်။

အိန္ဒိယအာကာသသုတေသနအဖွဲ့က Gaganyaan Mission ရဲ့ ရည်မှန်းချက်တွေနဲ့ကိုက်ညီမယ့်    ပြည်တွင်းဖြစ်နည်း ပညာတွေကို တီထွင်ဖန်တီးလျက်ရှိပါတယ်ဟု ဝန်ကြီးကဆက်ပြောသည်။

ထို့ပြင်   အိန္ဒိယအစိုးရသည်   နိုင်ငံ၏အာကာသကဏ္ဍတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို  အားပေးမြှင့်တင်ရန်နှင့် ထိန်းကျောင်းနိုင်ရန်တို့အတွက် အိန္ဒိယအမျိုးသားအာကာသမြှင့်တင် အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းပေးထားကြောင်း ၎င်းကပြောထားသည်။

Ref: Xinhua