JENESYS U-17 Women's Football Memorial Cup ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

JENESYS U-17 Women's Football Memorial Cup ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ဂျပန်-အာဆီယံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် ကျင်းပမည့် JENESYS U-17 Women's Football Memorial Cup ပြိုင်ပွဲကို  မြန်မာ့ လက်ရွေးစင်  ယူ-၁၇  အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

JENESYS U-17 Women's Football Memorial Cup ပြိုင်ပွဲကို အာဆီယံဒေသတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း၊ ဂျပန်လက်ရွေးစင် ယူ-၁၆  အမျိုးသမီးအသင်းနှင့် အိုကီနာဝါအမျိုးသမီးအသင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို သုံးသင်းပါလေးအုပ်စု ဖြင့်  ကျင်းပမည်ဖြစ်ပြီး  အုပ်စု  (A)  တွင် အိုကီနာဝါအသင်း၊    ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်း၊ အုပ်စု (B) တွင်  အင်ဒို နီးရှားအသင်း၊ ကမ္ဘောဒီးယားအသင်းနှင့် စင်ကာပူအသင်း၊ အုပ်စု (C) တွင် ဂျပန် အသင်း၊  ဖိလစ်ပိုင်အသင်းနှင့်  မြန်မာ အသင်း၊ အုပ်စု (D) တွင်  ထိုင်းအသင်း၊ တီမောအသင်းနှင့် လာအိုအသင်းတို့ပါဝင်ပြီး  အုပ်စုပတ်လည်စနစ်ဖြင့်  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စည်သူအောင်