ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှကြီးမှူးပြီး ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှကြီးမှူးပြီး ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်၊ သာသနာရေး

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဘဏ္ဍာထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးတစ်ပါးနှင့် စေတိယင်္ဂဏသြဝါဒါစရိယဆရာတော်ကြီးတစ်ပါးတို့အား    ထပ်ဆင့်ဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို မတ် ၁၆ ရက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးသိန်းထွဋ်မောင်က ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ စကားလျှောက်ထားခြင်း၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါး၏ ထေရုပ္ပတ္တိကိုဖတ်ကြားခြင်းများ ဆောင်ရွက်ကာ ဘွဲ့တံဆိပ် တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ ရေစက် သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                     

လင်းခန့်