မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်နှင့်ပတ်သက်၍ ဆွေးနွေး

နေပြည်တော်  မတ်  ၁၆

မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်နှင့်ပတ်သက်၍ ဆွေးနွေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ကမ္ဘောဒီးယား ဗဟိုဘဏ်မှ နှစ်နိုင်ငံငွေပေးချေမှုစနစ် ချိတ်ဆက်ရေး ဆိုင်ရာ လာရောက်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။     

(သတင်းစဉ်)