မြစ်ကမ်းပါးပြိုကျမှု အန္တရာယ် ကင်းဝေးစေရေးနှင့် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မြစ်ကမ်းပါးပြိုကျမှု အန္တရာယ် ကင်းဝေးစေရေးနှင့် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု အန္တရာယ် ကင်းဝေးစေရေးနှင့် ဧရာဝတီမြစ်ရေ လမ်းကြောင်း ကောင်းမွန်ရေးအတွက်  မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်  ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး   ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယခုနှစ်တွင်  ပွင့်ဖြူမြို့နယ်  သံကိုင်းကျေးရွာ၌  ဧရာဝတီမြစ်ရေ လမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်    ပြည်ထောင်စု ခွင့်ပြုငွေ ငွေကျပ် ၄၈၇ ဒသမ ၇၄ သန်းဖြင့်  အရှည်  ၄၀၈  ပေရှိ   နှစ်တန်းသွား ထန်းလုံးတိုင်   ရေကာတာ တည်ဆောက်ခြင်း လုပ်ငန်းနှင့်  အရှည်ပေ  ၂၈၀၀   ရှိ R.C.C Porcupine  အခုရေ ၂၄၅၀ ရေကာချထားခြင်း လုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။

ယခုကဲ့သို့ လုပ်ငန်းများဆောက်ရွက် ပြီးစီးပြီဖြစ်၍ သံကိုင်းကျေးရွာ အပါအဝင် ဧရာဝတီမြစ်ကမ်းအနီးရှိ ကျေးရွာများမှ  ဒေသခံများ  မြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ်တွေ့ကြုံနေရသည့် ကမ်းပါးပြိုကျမှု အန္တရာယ် ကင်းဝေးစေမည်ဖြစ်ကြောင်း သိရသည်။