၂၀၂၃ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်၊ (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၃ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်၊ (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၁၇  

                 ၂၀၂၃ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပသည်။

                 ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတို့တွင် အသင်းလိုက်နှင့် တစ်ဦးချင်းဆုရရှိကြသူများနှင့် နေရာအလိုက် အကောင်းဆုံး ဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို  အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

                 ဆက်လက်၍ မွန်ပြည်နယ်နေ့အထိမ်းအမှတ်၊ (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရာမည အားကစားကွင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား သည်။

                 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊  ပြည်နယ်ဝန်ကြီးများနှင့်  အားကစားဝါသနာရှင်များက  အဖွင့်ပွဲစဉ်အဖြစ် ပေါင်မြို့နယ် ဘောလုံးအသင်းနှင့် ရေးမြို့နယ်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မြို့နယ်(၁၀)မြို့နယ်မှ ဘောလုံးအသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကာ ဧပြီလ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။