ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ကော်ဖီစက်ရုံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ကော်ဖီစက်ရုံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု

ဟိုပုံး  မတ်  ၁၇

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်     ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တုံခမ်းရပ်ကွက်ရှိ  Coffee  neo စက်ရုံသို့  သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်   တာဝန်ရှိသူများသည် Coffee  neo စက်ရုံအတွင်း ကော်ဖီသီးရွေးနေမှု၊ အခွံချွတ်စက်ဖြင့် ကော်ဖီသီးများ အခွံချွတ်နေမှုနှင့် ကော်ဖီစေ့များနေလှန်းထားရှိမှုတို့ကို ကြည့်ရှုကြသည်။

ထို့ပြင်    ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် ရှမ်းပြည်နယ်ကို ခရီးသွားများ ပိုမိုတိုးတက် ဝင်ရောက် လာစေရေးနှင့် ခရီးသွားလုပ်ငန်းတိုးမြှင့်ဖော်ဆောင်နိုင်ရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုအနီးရှိ ဟိုပုံးရေထွက်ကြီး အပန်းဖြေနားနေစခန်းကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက   လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။