နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ထုတ်ပြန်သည့် အပြီးသတ် ကစားသမားစာရင်းတွင် စတာလင်းနှင့်ဘန်ဝှိုက်တို့ ချန်လှပ်ခံရ

နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ထုတ်ပြန်သည့် အပြီးသတ် ကစားသမားစာရင်းတွင် စတာလင်းနှင့်ဘန်ဝှိုက်တို့ ချန်လှပ်ခံရ

လာမည့်နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ထုတ်ပြန်သည့် အပြီးသတ်ကစားသမားစာရင်းတွင်  စတာလင်းနှင့်ဘန်ဝှိုက်တို့ ချန်လှပ်ခံရကြောင်း သိရသည်။

အင်္ဂလန်အသင်းသည်  လာမည့်ရက်သတ္တပတ် အတွင်း နိုင်ငံတကာပွဲစဉ်များ ကစားရမည်ဖြစ်ပြီး ယူရို ခြေစစ်ပွဲစဉ်များအဖြစ် မတ် ၂၄ ရက်တွင် အီတလီအသင်း၊ မတ် ၂၆ ရက်တွင် ယူကရိန်းအသင်းတို့နှင့် ကစားရမည်ဖြစ်သည့်အတွက်  နည်းပြဆောက်ဂိတ်က အဆိုပါပွဲစဉ်များအတွက် အပြီးသတ်ကစားသမား  ၂၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘန်ဝှိုက်သည် ယခုဘောလုံးရာသီတွင် အာဆင် နယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက် ရှိသော်လည်း ဆောက်ဂိတ်က ချန်လှပ်ခဲ့ပြီး စတာ လင်းအနေဖြင့် ကြံ့ခိုင်မှုပိုင်းမပြည့်ဝသည့်အကြောင်း ပြချက်ဖြင့် အသင်း  ကစားသမားစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

နည်းပြဆောက်ဂိတ်က    နိုင်ငံတကာပွဲစဉ်များအတွက် အသင်းကစားသမားစာရင်းတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာအမှုများ ရင်ဆိုင်နေသည့် ဘရန့်ဖို့ဒ်အသင်းမှ တိုက်စစ်ကစားသမား အိုင်ဗန်တိုနေးနှင့် မန်စီးတီးအသင်းမှ ခံစစ်ကစားသမား ဝေါ်ကာတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နည်းပြဆောက်ဂိတ်ရွေးချယ်သည့်    အင်္ဂလန် အသင်းအပြီးသတ်ကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ ဂျော်ဒန်ပစ်ဖို့ဒ်၊ ရမ်ဒဲလ်၊ နစ်ပုဒ်၊ ခံစစ်ကစားသမားနေရာ၌ ဘန်ချီဝဲလ်၊ အဲရစ်ဒိုင်ယာ၊  မာ့ဂူဟီ၊  ရီစီဂျိမ်းစ်၊ မက်ဂွိုင်ယာ၊ လုခ်ရှော၊ ဂျွန်စတုန်း၊ ထရစ်ပီးယားနှင့် ဝေါ်ကာ၊ ကွင်းလယ်ကစားသမားနေရာ၌ဘယ်လင်ဟမ်၊ ဂယ်လာဟာ၊ ဟတ်ဒါဆန်၊ မက်ဒီဆင်၊ မေဆင်မောင့်၊ ကယ်ဗင်ဖီးလစ်၊ ဒီကလန်ရိုဒ်၊ တိုက်စစ်ကစားသမားနေရာ၌ ရက်ရှ်ဖို့ဒ်၊ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဂရီးလစ်၊ ဆာကာနှင့် အိုင်ဗန်တိုနေးတို့ ပါဝင်လာကြောင်း သိရသည်။

Ref;Sky Sports