နွေရာသီအခြေခံအားကစားသင်တန်းဆင်း

နွေရာသီအခြေခံအားကစားသင်တန်းဆင်း

ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၃ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား၊ သင်တန်းသူများအား  နွေရာသီအခြေခံအားကစားသင်တန်းဆင်းလက်မှတ်များနှင့် အားကစားနည်းအလိုက် သင်ကြားပြသခဲ့သည့် နည်းပြများအား ဂုဏ်ပြုငွေများပေးအပ်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက သင်ကြားထားခဲ့သည့် မြန်မာ့သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့်  Fitness Dance စသည့် အားကစားနည်းအလိုက် သရုပ်ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းသို့  ကျောင်းသား၊ ကျောင်းသူအပါအဝင် လူဦးရေ ၄၅၀၀  ဦး  တက်ရောက်ကြောင်း သိရသည်။