မန္တလေးတိုင်းဒေသကြီး၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  မတ်  ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်  (၁၂)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၃)တို့မှ   သင်တန်းသား၊ သင်တန်းသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ ဘာသာရပ်ကို သင်ကြားပို့ချသည်။

မွန်းလွဲပိုင်းတွင်   ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး     အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မန္တလေးမြို့ မြို့တော်ခန်းမယုဇန ဧည့်ခန်းမ၌တွေ့ဆုံ၍  မန္တလေးတိုင်းဒေသကြီးအတွင်း   အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးသည်။

ထို့နောက်    ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပုဂ္ဂလိကကဏ္ဍသို့    အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်၍   ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင်    ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ ဝန်ဆောင်မှု ပေးလျက်ရှိသော  တိုင်းဒေသကြီးအဆင့် ဌာန ၃၁ ဌာနတွင်လည်း ဌာနတွင်း အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  အဂတိလိုက်စားမှုများ ပပျောက်မှသာ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်သဖြင့်   အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်တ ိုက်တွန်းလိုကြောင်း     ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍    ကော်မရှင်ဥက္ကဋ္ဌက    ကော်မရှင်အနေဖြင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသောလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များနှင့် သင့်လျော်သောထိန်းချုပ်မှု နည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရန် အခြေခံအချက်များကို အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈ ကိုထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာပါ   အချက်များသည် စီးပွားရေးလုပ်ငန်းကဏ္ဍအတွင်း အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန် ပြဋ္ဌာန်းထားရှိကြောင်း   ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ ကော်မရှင် ဥက္ကဋ္ဌက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။