ပါကစ္စတန်၌ ယခုနှစ်အတွက် ပထမဆုံး ပိုလီယိုရောဂါဖြစ်ပွားသူကိုတွေ့ရှိ

ပါကစ္စတန်၌ ယခုနှစ်အတွက် ပထမဆုံး ပိုလီယိုရောဂါဖြစ်ပွားသူကိုတွေ့ရှိ

    ပါကစ္စတန်နိုင်ငံ၌    ယခုနှစ်အတွက် ပထမဆုံးပိုလီယိုရောဂါ ဖြစ်ပွားသူကို နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပက်တန်ခွါပြည်နယ်တွင် တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း    ပိုလီယိုရောဂါ ဖြစ်ပွားသူ ကလေးငယ်အယောက် ၂၀ ကို ထိုပြည်နယ်မှပင် တွေ့ရှိရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ထို့ပြင်  ပြည်နယ်၏အချို့သောဒေသများ၌    ပိုလီယိုရောဂါ ကာကွယ်ဆေးကို ကောင်းစွာခံနိုင်စွမ်းရှိနေပြီး    ဆေးမတိုးတော့ကြောင်း ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်းများက   အသက်ငါးနှစ်အောက် ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးမှုများကို  တစ်အိမ်တက်ဆင်း လုပ်ဆောင်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုလုပ်ငန်းကို အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်နေပြီး ပထမအဆင့်တွင် အသက်ငါးနှစ်အောက် ကလေးငယ် ၁၇ ဒသမ ၄၁ သန်းပါဝင်ပြီး ဒုတိယအဆင့်တွင် ကလေးငယ် ၄ ဒသမ ၁၂ သန်းပါဝင်ကြောင်း သိရသည်။