အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ခွင့်ပြုချက်မပါရှိသည့် ဆေးဝါးများရောင်းချခြင်း ရှိ မရှိစစ်ဆေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ခွင့်ပြုချက်မပါရှိသည့် ဆေးဝါးများရောင်းချခြင်း ရှိ မရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး   မြို့သစ်မြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများရောင်းချမှု   မရှိစေရန်စစ်ဆေးခြင်းကို မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ဆောင်ရွက်ကြောင်းသိရသည်။  

ထိုသို့စစ်ဆေးရာတွင်  မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးဆယ်မောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနနှင့်ဝန်ထမ်းများပူးပေါင်း၍ ဆေးမျိုးစုံရောင်းချသောဈေးဆိုင်များတွင် ဂျာမနီနိုင်ငံထုတ် pavrinex IV/HV  Injection  အကြောအားဆေးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်   ခွင့်ပြုရောင်းချခွင့်ပေးထားသော်လည်း ယခုအခါဈေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု  DRC No မပါရှိသည့်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရသဖြင့် မြို့သစ်မြို့နယ်အတွင်းရှိ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များ၌  အဆိုပါခွင့်ပြုချက်မပါရှိသောဆေးဝါးများအားရောင်းချခြင်းရှိ/မရှိစစ်ဆေးကာ   တရားမဝင်ဆေးပစ္စည်းများ၊ သက်တမ်းလွန်ဆေးပစ္စည်းများရောင်းချခြင်း မပြုရန် အသိပညာပေး ပြောကြားကြောင်း သိရသည်။      

သန်းဝင်းထွန်း(IPRD)