ကျောက်ဆည်မြို့နယ် ငါးဆူကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ငွေနှင့်ပစ္စည်းများပေးအပ်

ကျောက်ဆည်မြို့နယ် ငါးဆူကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ငွေနှင့်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌  မတ် ၁၇ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ငါးဆူကျေးရွာမှမီးဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မတ် ၁၈ ရက် ညနေ ၄ နာရီတွင်   ငွေနှင့်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင်  မီးလောင်မှုကြောင့် ပျက်စီးသွားသည့်  လူနေအိမ်သုံးလုံးအတွက် ငွေကျပ်  ၁၁  သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက်   ငွေကျပ် ၂၅၀၀၀၀ စုစုပေါင်းငွေကျပ်  ၁၃၅၀၀၀၀  နှင့် မိသားစုတစ်စုအတွက် အမျိုးသားဝတ်လုံချည် သုံးထည်၊ အမျိုးသမီးဝတ်လုံချည် သုံးထည်၊ တီရှပ်ခြောက်ထည်၊ တဘက်သုံးထည်၊ စောင်သုံးထည်၊ နှစ်ယောက်အိပ်ခြင်ထောင်သုံးလုံး၊ ဆပ်ပြာတောင့်သုံးတောင့်၊ ဒန်အိုးသုံးလုံး၊   စတီးဇလုံသုံးလုံး၊    စတီးသောက်ရေခွက်သုံးခွက်၊ စတီးပန်းကန်ပြားခြောက်ချပ်၊   စတီးဇွန်းခြောက်ချောင်း၊ စတီးဓားသုံးချောင်း၊ ပလတ်စတစ်ရေချိုးခွက်သုံးခွက်၊ တာပေါ်လင်အစ သုံးစ၊ ပလတ်စတစ်လေးထောင့်ပုံးသုံးလုံး၊ အမျိုးသား၊ အမျိုးသမီးဝတ်နှင့် ကလေးကျောင်းဝတ်စုံ သုံးစုံတို့ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ပေးအပ်ကြောင်း သိရသည်။                 

  သက်မောင်