ကာတာစော်ဘွား အယ်သနီက မန်ယူအသင်းကို ဂလေဇာမိသားစု တောင်းဆိုထားသည့် တန်ကြေးဖြင့် ဝယ်ယူရန်ဆွေးနွေး

ကာတာစော်ဘွား အယ်သနီက မန်ယူအသင်းကို ဂလေဇာမိသားစု တောင်းဆိုထားသည့် တန်ကြေးဖြင့် ဝယ်ယူရန်ဆွေးနွေး

ကာတာတော်ဝင်မိသားစုဝင်   တစ်ဦးဖြစ်သည့် ကာတာစော်ဘွား  အယ်သနီက  မန်ယူအသင်းကို လက်ရှိအသင်းပိုင်ရှင် ဂလေဇာမိသားစု တောင်းဆိုထားသည့် စတာလင်ပေါင်  ၆ ဘီလီယံခန့်ဖြင့်ဝယ်ယူ ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး မကြာမီ အပြီးသတ် ဝယ်ယူရန်ကြိုးပမ်းလျက်ရှိကြောင်း   မန်ချက်စတာ ညနေခင်းသတင်းဌာနက ဖော်ပြခဲ့သည်။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဝင်များက ၂၀၂၂  ခုနှစ် ဒီဇင်ဘာလကအသင်းကို  ရောင်းချမည်ဟု အတည်ပြု ကြေညာခဲ့ပြီးနောက် လက်ရှိတွင် ကာတာစော်ဘွား  အယ်သနီနှင့်  ဗြိတိန်ဘီလျံနာ ရက်ဒ်ကလစ်တို့က ဝယ်ယူရန်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် မန်ယူအသင်း၏ ဈေးကွက်တန်ကြေး မှာ  စတာလင်ပေါင်  ၄  ဘီလီယံဝန်းကျင်သာရှိ သော်လည်း  အသင်းပိုင်ရှင်  ဂလေဇာမိသားစုက စတာလင်ပေါင် ၆ ဘီလီယံခန့် တောင်းဆိုထားခြင်း ဖြစ်သည်။

မန်ယူအသင်းကိုဝယ်ယူရန်  ကာတာစော်ဘွား အယ်သနီဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မန်ချက်စတာမြို့သို့ လာရောက် ကာ မန်ယူအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ ပြီးနောက်   မန်ယူအသင်းပိုင်ရှင်တောင်းဆိုသည့် စတာလင်ပေါင် ၆ ဘီလီယံခန့်ကိုလည်း ပေးချေရန် အသင့်ရှိနေခြင်း ဖြစ်သည်။

အယ်သနီနှင့်  ရက်ဒ်ကလစ်တို့သည်   မန်ယူအသင်းကို ပထမအကြိမ် စတာလင်ပေါင် ၅ ဘီလီယံခန့်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုမရရှိသေးသည့်အတွက်  ယခုအခါ   အယ် သနီက မန်ယူ အသင်းပိုင်ရှင် တောင်းဆိုထားသည့် စတာလင်ပေါင်  ၆  ဘီလီယံခန့်ဖြင့်  ဝယ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ထားသည့်အပြင်   ရက်ဒ်ကလစ်ကလည်း မန်ယူအသင်းထံလာရောက်ပြီး ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရသည်။ 

Ref;Sky Sports