အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူအသင်း ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်

အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူအသင်း ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်

ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခြင်း မရှိသည့်မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင် အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ်ကစားသည့် မန်ယူအသင်းနှင့် ဖူလ်ဟမ် အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက ၃ ဂိုး -၁ ဂိုး ဖြင့်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် နိုင်ပြီး အက်ဖ်အေဖလားပြိုင်ပွဲတွင် ဖူလ်ဟမ်အသင်း ကို နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ရှုံးနိမ့်ခြင်းမရှိသည့် မှတ်တမ်းတစ်ရပ်ကို     ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူအသင်းသည် ဖူလ်ဟမ်အသင်းကို ၁၉၀၈ ခုနှစ်က ကွာတားဖိုင်နယ် အဆင့်တွင် ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်နောက်ပိုင်း မရှုံးနိမ့်အောင်စွမ်းဆောင်နိုင်သကဲ့သို့ ယခုဘောလုံး ရာသီတွင်လည်း  အနိုင်ရရှိပြီး  မှတ်တမ်းကောင်း တစ်ရပ်ကို ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ဖူလ်ဟမ်အသင်းက ပွဲချိန် မိနစ် ၅၀  တွင်သွင်းယူသည့်  မီထရိုဗစ်ချ်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း  ပွဲချိန် ၇၅  မိနစ်တွင် တောင်ပံကစားသမား ဝီလီယံ ဘောလုံးကိုလက်ဖြင့် ပုတ်ချခဲ့သည့်အတွက်  ဒိုင်လူကြီးက  အနီကတ်ပြခဲ့ ရာမှ   ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို  မကျေနပ်သည့် အတွက် မီထရိုဗစ်ချ်က ကိုယ်ထိလက်ရောက်ကျူးလွန် ခဲ့ရာ ဒိုင်လူကြီးက မီထရိုဗစ်ချ်ကိုပါ အနီကတ်ပြခဲ့ သည်။ ပွဲချိန်နောက်ပိုင်းတွင် မန်ယူအသင်းက ပြန် လည်အသာစီးရယူပြီး ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

မန်ယူအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲတွင် ၁၉၀၈  ခုနှစ်နောက်ပိုင်း ဖူလ်ဟမ်အသင်းနှင့်  ၁၀ ကြိမ်တွေ့ဆုံခဲ့ရာတွင် ရှစ်ကြိမ်အနိုင်ရရှိပြီး နှစ်ကြိမ် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

အက်ဖ်အေဖလားပြိုင်ပွဲ    ဆီမီးဖိုင်နယ်အဆင့်တွင် မန်ယူအသင်းနှင့် ဘရိုက်တန်အသင်း၊ မန်စီးတီး အသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports