ဘာစီလိုနာအသင်း လူငယ်ကွင်းလယ်ကစားသမားပက်ဒရီ တံကောက်ကြောဒဏ်ရာ သက်သာခြင်း မရှိသေးသည့်အတွက် နောက်ထပ်ရက်သတ္တလေးပတ်ခန့် အနားယူရဖွယ်ရှိ

ဘာစီလိုနာအသင်း လူငယ်ကွင်းလယ်ကစားသမားပက်ဒရီ တံကောက်ကြောဒဏ်ရာ သက်သာခြင်း မရှိသေးသည့်အတွက် နောက်ထပ်ရက်သတ္တလေးပတ်ခန့် အနားယူရဖွယ်ရှိ

ဘာစီလိုနာအသင်း လူငယ်ကွင်းလယ်ကစားသမား ပက်ဒရီသည် တံကောက်ကြောဒဏ်ရာ သက်သာခြင်းမရှိသေးသည့်အတွက် နောက်ထပ်ရက်သတ္တလေးပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၀ သာရှိသေးသည့် ပက်ဒရီသည် ၂၀၂၀  ပြည့်နှစ်က  ဘာစီလိုနာအသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း အသင်းဖော်ဂါဗီနှင့် တွဲဖက်ပြီး အဓိက ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိသည်။

ပက်ဒရီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၇ ရက်က ကစားခဲ့သော ယူရိုပါလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်၌ ပွဲချိန် ၄၁ မိနစ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း  အနားယူနေရသူဖြစ်ကာ ဒဏ်ရာမှာ   သက်သာခြင်းမရှိသေးသည့်အတွက် အနည်းဆုံးရက် သတ္တသုံးပတ်နှင့် အများဆုံးလေးပတ်ခန့် အနားယူရဖွယ်ရှိနေသည်။

အစောပိုင်းက ပက်ဒရီအနေဖြင့် ဧပြီ ၆ ရက်တွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့်ကစားမည့်  ကိုပါဒယ်ရေး ဖလားပြိုင်ပွဲ၌ ပြန်လည်ပါဝင်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း  ယခုအခါ   ဒဏ်ရာအခြေအနေကြောင့် အဆိုပါပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်ကာ ဧပြီ  ၂၃  ရက်တွင်ကစားမည့်  အက်သလက်တီကို အသင်းနှင့်ပွဲစဉ်မှသာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref;B/R Football