တိုက်စစ်ကစားသမား ဒိုင်ဘာလာက ၎င်း၏လက်ကျန်လုပ်ခလစာ ယူရို သန်း ၅၀ ပေးချေခြင်း မရှိသေးသည့်အတွက် ဂျူဗင်တပ်စ်အသင်းကို တရားစွဲဆိုမည်

တိုက်စစ်ကစားသမား ဒိုင်ဘာလာက ၎င်း၏လက်ကျန်လုပ်ခလစာ ယူရို သန်း ၅၀ ပေးချေခြင်း မရှိသေးသည့်အတွက် ဂျူဗင်တပ်စ်အသင်းကို တရားစွဲဆိုမည်

    ရိုးမားအသင်း တိုက်စစ်ကစားသမား ဒိုင်ဘာလာက ၎င်း၏လက်ကျန် လုပ်ခလစာ  ယူရို သန်း  ၅၀  ကို ပေးချေခြင်း မရှိသေးသည့်အတွက်  အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းကို   တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဒိုင်ဘာလာသည်  ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ရိုးမားအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစား ခဲ့သူဖြစ်သည်။

ဒိုင်ဘာလာသည် ဂျူဗင်တပ်စ်အသင်းတွင် ကစားစဉ်က လုပ်ခလစာ လျှော့ယူခဲ့သည့်အတွက် လက်ရှိ အချိန်ထိ  ယူရို  သန်း  ၅၀  ရရှိရန် ကျန်ရှိနေရာ အစောပိုင်းကတည်းက   ပေးချေရန် အကြောင်းကြားထားသော်လည်း  ဂျူဗင်တပ်စ်အသင်းက  ပေးချေခြင်း မရှိသည့်အတွက် တရားရုံးသို့ တိုင်ကြားပြီး တရား စွဲဆိုရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ဒိုင်ဘာလာသည် ဂျူဗင်တပ်စ်အသင်းမှ မထွက်ခွာ မီက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့သော်လည်း ဂျူဗင်တပ်စ် အသင်းဘက်က တစ်ဖက် သတ် စာချုပ်သစ်ချုပ်ဆိုမှုကို  ရပ်ဆိုင်းခဲ့သည့်အတွက် ဒိုင်ဘာလာအနေဖြင့် အမှုရင်ဆိုင်မည် ဆိုပါက အနိုင်ရရှိဖွယ်ရှိသည်။

သို့သော်   ဂျူဗင်တပ်စ်အသင်းက   ဒိုင်ဘာလာနှင့် အမှုရင်ဆိုင်ရန် ပြင်ဆင်ထားပြီး အီတလီနိုင်ငံမှ နာမည်ကြီးရှေ့နေများကိုလည်း ငှားရမ်းထားကြောင်း သိရသည်။