ချယ်လ်ဆီးအသင်းက နည်းပြဂရေဟမ်ပေါ်တာ စာချုပ်ဖျက်သိမ်းကြေး အတွက် ဘရိုက်တန်အသင်းထံ စတာလင်ပေါင် ၂၁ ဒသမ ၅ သန်းအထိ စံချိန်တင်ပေးချေခဲ့ရ

ချယ်လ်ဆီးအသင်းက နည်းပြဂရေဟမ်ပေါ်တာ စာချုပ်ဖျက်သိမ်းကြေး အတွက် ဘရိုက်တန်အသင်းထံ စတာလင်ပေါင် ၂၁ ဒသမ ၅ သန်းအထိ စံချိန်တင်ပေးချေခဲ့ရ

    ဘရိုက်တန်အသင်းက  ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် အသင်းဘဏ္ဍာရေး ရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာတွင် ချယ်လ်ဆီးအသင်းအနေဖြင့် နည်းပြ ဂရေဟမ်ပေါ်တာကို ခေါ်ယူခဲ့သည့်အတွက် ဘရိုက်တန်အသင်းထံ စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၂၁ ဒသမ ၅ သန်းအထိ စံချိန်တင် ပေးချေခဲ့ရကြောင်း  သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီအစ ပိုင်းက  အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ခဲ့ပြီး အသင်းပိုင်ရှင်သစ်အဖြစ် အမေရိကန်လုပ်ငန်းရှင် တော့ဘိုလီ ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြတူချယ်လ် အား ၂၀၂၂ ခုနှစ်  စက်တင်ဘာလက  ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ဘရိုက်တန် အသင်းမှ ဂရေဟမ်ပေါ်တာကို စာချုပ်ဖျက်သိမ်းကြေး ပေးချေပြီး ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

နည်းပြဂရေဟမ်ပေါ်တာနှင့် ဘရိုက်တန်အသင်း တို့သည် စာချုပ်သက်တမ်း ကာလရှည် ကျန်ရှိနေသေးသည့်အတွက် ချယ်လ်ဆီးအသင်းအနေဖြင့် နည်းပြဂရေဟမ်ပေါ်တာကို စာချုပ်ဖျက်သိမ်းကြေး ပေးချေပြီးမှသာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နည်းပြဂရေဟမ် ပေါ်တာကို   ချယ်လ်ဆီးအသင်း   ခေါ်ယူစဉ်က စာချုပ် ဖျက်သိမ်းကြေးကို   ဖော်ပြခြင်းမရှိခဲ့သော်လည်း  ယခုအခါ  ဘရိုက်တန်အသင်းက  အသင်း ဘဏ္ဍာရေးရှင်းတမ်းကို   ထုတ်ပြန်ရာတွင်  နည်းပြ ဂရေဟမ်ပေါ်တာကို လက်လွှတ်ခဲ့ရမှုအတွက် ချယ်လ် ဆီးအသင်းထံမှ စတာလင်ပေါင် ၂၁ ဒသမ ၅ သန်း ရရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် နည်းပြဂရေဟမ် ပေါ်တာအတွက် ဘရိုက်တန်အသင်းထံ စာချုပ်ဖျက် သိမ်းကြေး စတာလင်ပေါင် ၂၁ ဒသမ ၅ သန်းပေးချေ ခဲ့မှုမှာ  ဘောလုံးသမိုင်းတွင် နည်းပြတစ်ဦးအတွက် စာချုပ်ဖျက်သိမ်းကြေး စံချိန်တင် ပေးချေခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။