(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ မတ် - ၂၅

   ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင်များ၏ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အမ်းတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မိသားစုဝင်များ၏ ကျပန်းစကားပြော ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။                       

   အဆိုပါ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင်များ၏ ကျပန်းစကားပြောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင် ( ၂၉ )ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မတ်၂၁ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။