ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။         ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ သာယာလမ်း၊ အမှတ်(၄၀)တွင် ပါတီရုံးချုပ်တည်ရှိသော “ဝ” အမျိုးသားပါတီ (WA N ATIONAL PARTY) က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီ အမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။         ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ  ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

“ဝ” အမျိုးသားပါတီ (WA N ATIONAL PARTY) ၏ အလံပုံစံ

 

“ဝ” အမျိုးသားပါတီ (WA N ATIONAL PARTY) ၏  တံဆိပ်ပုံစံ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်