ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။         ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ ယုဇနတာဝါ၊ (၉)လွှာ၊  အခန်း(၉၀၆)တွင် ပါတီရုံးချုပ်တည်ရှိသော ပြည်သူ့ပါတီ (People's Party) က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။         ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကိုကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်သူ့ပါတီ (People's Party) ၏ အလံပုံစံ

 

ပြည်သူ့ပါတီ (People's Party) ၏ တံဆိပ်ပုံစံ

 

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်