နွေရာသီအခြေခံလက်ဝှေ့သင်တန်းဖွင့်လှစ်

ရန်ကုန်  မတ်  ၂၅

နွေရာသီအခြေခံလက်ဝှေ့သင်တန်းဖွင့်လှစ်

နိုင်ငံတော်မှအားထားရမည့် မျိုးဆက်သစ်လက်ဝှေ့အားကစားသမားများ ပေါ်ထွန်းလာရန်ရည်ရွယ်၍ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့်လက်ဝှေ့သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းရှိ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးသည်။ ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က သင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို ယနေ့မှစ၍ မေ ၂၁ ရက်အထိ တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီထိ သင်ကြား ပြသပေး မည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၇၀ ဦးတက် ရောက်ကြကြောင်း သိရသည်။   

ဝန်းရံခ