ဘိုင်ယန်မြူးနစ်အသင်းကထုတ်ပယ်ခဲ့သည့် နည်းပြနာဂယ်စမန်းကို ရီးယဲလ်မက်ဒရစ်အသင်းက ခန့်အပ်ရန်စီစဉ်

ဘိုင်ယန်မြူးနစ်အသင်းကထုတ်ပယ်ခဲ့သည့် နည်းပြနာဂယ်စမန်းကို ရီးယဲလ်မက်ဒရစ်အသင်းက ခန့်အပ်ရန်စီစဉ်

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းမှ ထုတ်ပယ်ခံရသည့် နည်းပြနာဂယ်စမန်းကို ယခုဘောလုံးရာသီအကုန်တွင်   ခန့်အပ်ရန်စီစဉ်နေ ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် နည်းပြနာဂယ်စမန်းသည် လိုက်ပဇစ်အသင်းကို ဂျာမန်ထိပ်တန်းအသင်းတစ်သင်း ဖြစ်အောင် တည်ဆောက် နိုင်ပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လက  ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီး ပြီးခဲ့သည့်ဘောလုံးရာသီက ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သော်လည်း  ယခုဘောလုံးရာသီတွင်  ချန်ပီယံဆုအတွက်  ဒေါ့မွန်အသင်း၏  ဖိအားပေးမှု ခံနေရပြီး ၂၅ ပွဲကစားပြီးချိန်တွင် ရမှတ် ၅၂ မှတ်ဖြင့် အမှတ် ပေးဇယားအဆင့် (၁) နေရာမှ ဒေါ့မွန်အသင်းနှင့်တစ် မှတ်အကွာဖြင့် အဆင့်(၂)နေရာ၌ ရပ်တည်လျက်ရှိသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက နည်းပြနာဂယ်စမန်းကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြနာဂယ်စမန်းသည် ဘောလုံးနည်းစနစ်ပိုင်းတွင် ကောင်းမွန်သူတစ်ဦးဖြစ်ကာ နည်းပြမော်ရင်ဟိုနှင့်ပင် ခိုင်းနှိုင်းခံနေရသူ တစ်ဦးဖြစ်သည့် အတွက်  ရီးယဲလ်မက်ဒရစ်အသင်းက  နည်းပြသစ်အဖြစ် ခန့်အပ်လိုခြင်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုဘောလုံး ရာသီအကုန်တွင် လက်ရှိနည်းပြ အန်ဆယ်လော့တီ နှင့်စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်ပြီး   နည်းပြ အန်ဆယ်လော့တီသည် ပြီးခဲ့သည့်ဘောလုံးရာသီက အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော် လည်း ယခုဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲတွင် ရလဒ်များမတည်မငြိမ်ဖြစ်နေသည့်အတွက် ရီးယဲလ် မက်ဒရစ်အသင်းက နည်းပြ အန်ဆယ်လော့တီနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက လမ်းခွဲရန်ဆုံးဖြတ် ထားခြင်းဖြစ်ပြီး  နည်းပြနာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။

Ref;Marca